ဂန့်ဂေါ မင်းရွာရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေတိုက်ခိုက်၊ ရဲတဦးသေဆုံး

ဂန့်ဂေါဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ မင်းရွာရဲစခန်းကို သြဂုတ်လ (၁၄) ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တယ်လို့ YDF ဗျုဟာမှူး သခင် ဇော်က DNA ကိုပြောပါတယ်။
အဲ့ဒီလိုတိုက်ခိုက်တာကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ တွေလည်း ရှိပေမယ့် အရေအတွက်အတိအကျတော့မ သိရပါဘူး ။တိုက်ပွဲသတင်း ထုတ်ပြန်တဲ့နေရာမှာ တခြားမစ်ရှင်တွေ အတွက်ပါ ထည့်စဥ်းစားရတာမို့ ထုတ်ပြန်ဖို့နောက်ကျတာမျိုးတွေရှိတယ်လို့ သခင်ဇော်ကပြောပါတယ်။
မင်းရွာရဲစခန်းကရဲတွေဟာ ရွာထဲကစျေးဆိုင်တွေမှာ စျေးအကြွေးလာဝယ်ပြီး ပြန်မပေးတာ၊ လိုချင်တဲ့ပ စ္စည်း အိမ်တွေကနေယူသွားတာမျိုး လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။မင်း ရွာရဲစခန်း နားကအိမ်တွေမှာ ပြည်သူတွေမနေတာကြာပြီဖြစ်ပြီး အိမ်တချို့ပေါ်မှာတော့ ရဲတွေ ဝင်ရောက် နေထိုင်ကြတယ်လို့သိရပါတယ်။
မင်းရွာရဲစခန်းကို YDF တပ်ရင်း ( ၆ /၇ /၈/၁၄)၊ ဂန့်ဂေါတောင်ပိုင်း PDF၊ ဂန့်ဂေါတောင်ပိုင်း ပကဖ နဂါး ညီနောင်အဖွဲ့(၁)၊ KKG တပ်ရင်း(၅) ၊ ထီလင်း PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ YDF Htilin ကထုတ်ပြန်ပါတယ်။