ယောဒေသပြည်သူ့ ကာကွယ်ရေးတပ် လက်နက်ဂိုဒေါင်မီးလောင်ပြီး သိန်းသုံးရာကျော်ဖိုး ဆုံးရှုံး

Photo – ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ် (YPDF) ရဲ့ လက်နက်ခဲယမ်းဂိုဒေါင် ဇူလိုင်လ ၃၁ရက်နေ့မှာ မီးလောင်မှု ဖြစ်ခဲ့လို့ ကျပ်သိန်း ၃၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ အဲ့ဒီအဖွဲ့က ဒီနေ့ ဩဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ နှာယမ်း အပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ခဲ့ပြီး အဲ့ဒီ မီးလောင်မှုကြောင့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
‌မီးလောင်မှုကြောင့် ငွေသားကျပ်သိန်း ၄၀ ကျော်၊ ဆက်သွယ်ရေးစက်တွေ၊ ဆိုင်ကယ်တွေ၊ laptop၊ ဒိုင်နမို၊ ယမ်းအမျိုးမျိုး၊ ခါးချိုးကျည် အတောင့် ၂ ထောင်ကျော် စုစုပေါင်း ကျပ်သိန်း ၃၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အများပြည်သူ လှုဒါန်းထားတဲ့ ငွေကြေးပစ္စည်းတွေ အလဟဿဆုံးရှုံးသွားရတဲ့အတွက် ပြည်သူတွေနဲ့ အလှုရှင်တွေကို အနူးအညွတ်တောင်းပန်ကြောင်း၊အလားတူ ဆုံးရှုံးမှုတွေ မဖြစ်ရအောင် အထူးဂရုစိုက် လုပ် ဆောင်သွားမယ့်အကြောင်း YPDF အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖေါ်ပြ ထားပါတယ်။
ဒါ့အပြင် မီးလောင်ဆုံးရှုူံးခဲ့ရတဲ့ ပစ္စည်းတွေ အစားထိုဝယ်ယူနိုင်ဖို့အတွက် လှူဒါန်းပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။