ကလေးမြို့နယ်တောင်ပိုင်း၊ ဆည်တောရွာတောင်ဘက်မှာသြဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
” အသံကတော့ လှိုင်သံပေါက်အောင်ကို မြည်သွားတာ။ အကျယ်ကြီးပဲ။ ပျူတွေသေကြတယ်။ မိုင်းဆွဲပြီးတော့ ပစ်ကြသေးတယ်။ မနက် ၁၀ နာရီကျော်လောက်ကျတော့ ဟတ်စကီးတစ်စီးလာတယ်” လို့ ဆိုပါတယ်။
သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းမှာ ဆည်တောနဲ့ မှန်တောရွာကြား ကမ်းပါးနီတံတားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် နဲ့ ပျူတွေဟာ မြောင်းချောင်းတံတားဘက်ကိုလာပြီး
PDF kalay တပ်ဆင်ထားတဲ့ မိုင်းတွေကို ဖြုတ်ရှင်းလင်းနေစဥ် Kalay pdfအဖွဲ့က ဖောက်ခွဲလိုက်တာဖြစ်တယ်လို့ PDF Kalay ကထုတ်ပြန်ပါတယ်။
မိုင်းဖောက်ခွဲမူကြောင့် အကြမ်းဖက်စစ်တပ်ဘက်က ၁၀ ဦးခန့်သေဆုံးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။
” ၂၀ နီးပါးထိ တယ်ကြားတယ်။ ဘယ်လောက်သေလည်းတော့အတိအကျမသိဘူး။ သေတဲ့သူတွေကိုတော့ ကျနော်တို့ဘက်ကို သယ်လာတာမတွေ့သေးဘူး။ ရန်ကြီးအောင်ရွာဘက်ကို တိုက်သွားတာဖြစ်နိုင်တယ် ” လို့ မှန်တောရွာသားတစ်ဦးက သုံးသပ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ဟာ အနောက်ဘက်ရှိချင်းတောင်ခြေ ကို ဟတ်စကီး နဲ့ရှာဖွေတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။