ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းက ရဲနှစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

ဒီနေ့ ဇူလိူင်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ မင်းရွာရဲစခန်းကနေထွက်လာတဲ့ ရဲသုံးဦးကို PDF Gangaw တောင်ပိုင်းအဖွဲ့က ပစ်ခတ်ရာ ရဲနှစ်ဦးပွဲချင်းပြီးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာနဲ့ စခန်းဘက်ကို ပြန်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စခန်းကထွက်ပြီး ရွာထဲဘာယူမလို့လဲမသိဘူး။ လာတာမှာပစ်ခံရတာ။ လက်နက်ကြီးသံ နည်းနည်းကြားသေးတယ်။ စခန်းထဲက ပြန်ပစ်တာနေမှာပ။ မနေ့ကလည်း ကြားရတာပဲ။ မင်းရွာကဟာတွေလည်း စစ်ဘေးရှောင်နေကြရတာလေ” လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ကလည်း မင်းရွာရဲစခန်းက ထွက်လာတဲ့ ရဲတွေကို သူတို့ ပစ်ခတ်တာလို့ ထုတ်ပြန်ခဲ့ပြီး သူတို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
မင်းရွာဟာ ဂန့်ဂေါမြို့တောင်ဘက် ၁၅ မိုင်ဝန်းကျင်မှာတည်ရှိပြီး အထက်တန်းကျောင်းရှိတဲ့ ယောဒေသက ရွာကြီးတစ်ရွာဖြစ်ပါတယ်။