တံတားဦး စစ်ဆေးရေးဂိတ် မိုင်းပစ်တိုက်ခိုက်ခံရ

Photo – Google Map
ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ ခန့်မှာ မန္တလေးတိုင်း တံတားဦးမြို့နယ် ကျောက်နယ်လမ်းဟောင်း စစ်ဆေးရေးဂိတ်ကို မိုင်းပစ်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုဟာ Kaung For You က ဆရာ၊ ဆရာမတွေကို သိက္ခာချ ဖမ်းဆီးတဲ့အတွက် လက်စားချေတာဖြစ်တယ်လို့ Anonymous Force Mandalay က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ဆရာ ဆရာမတွေ ကျောင်းသား/ကျောင်းသူတွေကို ဆက်လက်ဖမ်းဆီး နှိပ်စက်မှု့တွေ လုပ်ဆောင်မယ်ဆိုရင် တူညီတဲ့ အတုံ့အလှည့်ကို ပြန်လည်ခံစားရမယ်လို့လည်း ရေးသားထားပါတယ်။
“စကစအနေနဲ့ K4U တာဝန်ရှိသူတွေနဲ့ ဆရာဆရာမတွေကျောင်းသူကျောင်းသားတွေကို အကြမ်းဖက်ထက်မံဖမ်းစီးပါက Non CDM ဆရာဆရာမများနှင့် စစ်အုပ်ချုပ်ရေးအောက်က မည့်သူ့ဝန်ထမ်းမဆို ဖမ်းစီးတိုက်ခိုက်တာတွေလုပ်ဆောင်သွားမှာပါ ဒီလိုဖမ်းစီးတာဟာစာသင်နေတဲ့ဆရာတွေကျောင်းတတ်နေတဲ့အပြစ်မဲ့တဲ့ခလေး တွေဖြစ်တာမို့တန်ပြန်သက်ရောက်မူတိုင်းကိုစစ်အုပ်ချုပ်ရေးလက်အောက်ခံဝန်ထမ်းတွေကပြန်ခံစားရမှာပါ” လို့ Anonymous Force Mandalay က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေ အနေနဲ့ တော်လှန်ရေးကာလ အရှိန်မြင့်လာတာနဲ့အမျှ စစ်ကောင်စီ ထောက်တိုင် နေရာတွေမှာ အနီးကပ်နေထိုင်သွားလာခြင်း၊ ကူညီထောက်ပံ့ခြင်း၊ သတင်းပေးခြင်းတွေနဲ့ ပျောက်ကျားအဖွဲ့တွေရဲ့ အထင်မြင်လွဲမှားစေမယ့် ပတ်သတ်ဆက်ဆံမှု့တွေကို ရှောင်ကျဉ်ပေးကြခြင်းနဲ့ တော်လှန်ရေးကို တစ်ဖက်တစ်လမ်းက ပါဝင်ကူညီပေးကြဖို့ အတွက်လည်း နှိုးဆော်ထားပါတယ်။
တိုက်ခိုက်မှုကို Freeland Attack Force ၊ Emerald Grils Army နှင့် Anonymous Force Mandalay တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာ ရရှိနိုင်တယ်လို့ ဆိုပါတယ်။