အမေရိကန်က ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိ လက်နက်တွေ ရောင်းချဖို့ အတည်ပြု

Photo – Reuters

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချဖို့   အတည်ပြုလိုက်ကြောင်း ပင်တဂွန်က ဇူလိုင်လ ၁၅ရက်နေ့မှာ

လက်နက်ရောင်းတဲ့နေရာမှာ အက်စ်တိုးနီးဘားနိုင်ငံအတွက် HIMARS ဒုံးကျည်စနစ်၊ နော်‌ဝေနိုင်ငံအတွက် ဒုံးကျည်တွေနဲ့ တောင်ကိုရီးယားနိုင်ငံအတွက် တော်ပီဒို တွေကို ရောင်းချဖို့ သီးခြားသဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ဥရောပနိုင်ငံတွေက လက်နက်ဝယ်ယူမှု တိုးလာပြီး ဒေသတွင်း လုံခြုံရေး စိုးရိမ်မှုတွေလည်း တိုးလာနေတာဖြစ်ပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေဆီက လှူဒါန်းတဲ့ HIMARS စနစ်တွေကို ရုရှားနဲ့တိုက်ခိုက်တဲ့နေရာမှာ ယူကရိန်းက အသုံးပြုနေတာ ဖြစ်ပါတယ်။

အက်စတိုးနီးယားနိုင်ငံအတွက် အတည်ပြုထားတဲ့ အစီအစဉ်မှာ M142 အမျိုးအစား High Mobility Artillery Rocket System (HIMARS) လောင်ချာ ခြောက်လုံး၊ ခဲယမ်း ထောက်ပံ့ရေးအပိုပစ္စည်းတွေနဲ့ နည်းပညာဆိုင်ရာ ပံ့ပိုးမှုတွေလည်း ပါဝင်မှာဖြစ်တယ်လို့  ပင်တဂွန်က ပြောကြားထားပါတယ်။

နော်ဝေနိုင်ငံအတွက် တာလတ်ပစ်နိုင်တဲ့ ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ နိုင်ငံခြားရေးဌာနရဲ့ သဘောတူညီချက်အရ အမေရိကန်ဒေါ်လာ သန်း ၉၅၀ အထိ တန်ဖိုးရှိတယ်လို့ သိရပါတယ်။ 

တောင်ကိုရီးယားနိုင်ငံအတွက်လည်း ခန့်မှန်းခြေတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၃၀ ရှိ MK 54 အမျိုးအစား အပေါ့စားတော်ပီဒိုတွေကို ဇူလိုင်လ ၁၅ရက်နေ့မှာ လူသိရှင်ကြား ထုတ်ပြန်ကြေငြာခဲ့ပါတယ်။