တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်း ၂၅၄ ခဲယမ်းတိုက်ကို စလင်း PDF ဖောက်ခွဲတိုက်ခိုက်

မကွေးတိုင်း စလင်းမြို့နယ် စစ်ကောင်စီတပ်မ (၁၀၁) လက်အောက်ခံ ခလရ တပ်ရင်း (၂၅၄) ရဲ့ လက်နက်တိုက် တစ်ခုကို စလင်းမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (စလင်း) က ထုတ်ပြန်ပါတယ်။
အဆိုပါခဲယမ်းတိုက်ကို ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီ ၄၇ မိနစ် ခန့်မှာ ပေါက်ကွဲအား ပြင်းထန်တဲ့ မိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီးအထိအခိုက် များတယ်လို့ သိရပါတယ်။
ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ လက်နက်တိုက်ဟာ စစ်အုပ်စုရဲ့ အဓိကလက် နက်သိုလှောင်တဲ့ နေရာဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာမှာ ရင်ဆိုင်နေရတဲ့ ပြည်သူ့ကာကွယ်ရေးဝင်ရဲဘော်တွေအတွက်စစ်အုပ်စုရဲ့ ခဲယမ်းအင်အားလျော့သွားဖို့ရည်ရွယ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဆက်လက်ပြီးတော့လည်း စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ ထောက်တိုင်တွေကိုချေမှုန်းသွားမယ်လို့ ထည့်သွင်း ထုတ်ပြန်ထားပါတယ်။