မန္တလေး၊ အိုးဘိုအကျဥ်းထောင်မှာ ထောင်တွင်းရုံးထုတ်စစ်ဆေးရာကနေ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ဇူလိုင် ၁၃ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်မှာ ထောင်ဆူပူမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့ ၃နာရီခွဲလောက်က ဖြစ်တာပါ။ထောင်တွင်း မှာရုံးထုတ်စစ်ဆေးရာကနေ စဖြစ်တယ်လို့တော့ သိရတယ်။တိတိကျကျဘယ်လိုဖြစ်တယ်ဆိုတာတော့မသိရသေးဘူး။ပစ်ခတ်သံတွေလည်းကြားရတယ်။”လို့ သူက ဆိုပါတယ်။
လက်ရှိမှာ အိုးဘိုထောင်ဝန်ထမ်းတွေကထောင်အဝနားပစ္စည်းလာပို့တဲ့ လူတွေကိုလည်း မောင်းထုတ်နေတယ်လို့ သိရပါတယ်။