အကြမ်းဖက်စစ်တပ်၊ တရားရေးဌာနနဲ့ လူပုဂ္ဂိုလ်တွေကို ပြန်လည်တရားစီရင်တိုက်ခိုက်မယ်လို့ GHF ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးမှာ အကြမ်းဖက်စစ်အုပ်စု အပါအဝင် မတရားသဖြင့် ပူးပေါင်းဆောင်ရွက်နေတဲ့ တရားရေးဌာနနဲ့လူပုဂ္ဂိုလ်တွေကို ပြန်လည်တရားစီရင်တိုက်ခိုက်သွားမယ်လို့ God’s Hand Forces (GHF) က ဒီကနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
GHFအဖွဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်စစ်တပ်နဲ့ ထောက်တိုင်အဖြစ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်တွေကို စစ်ဆင်ရေးတစ်ခုအနေနဲ့ တိုက်ခိုက်မှုတွေလုပ်ဆောင်နေရာမှာ ဇူလိုင် ၁၁ရက် ညပိုင်းက မရမ်းကုန်းမြို့နယ်၊၉ ရပ်ကွက် Ocean Center အနီးက ယာဥ်ထိန်းရုံးကို ဖောက်ခွဲခဲ့တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
GHF အဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့တွေဟာ ရန်ကုန်မြို့တွင်းမှာ အောင်မင်္ဂလာစစ်ဆင်ရေးနာမည်နဲ့ စစ်ဆင်ရေးတွေလုပ်ဆောင်နေတယ်လို့လည်း GHFအဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက DNA ကိုပြောပါတယ်။
“အောင်မင်္ဂလာစစ်ဆင်ရေးကို ရန်ကုန်တိုင်းတစ်ခုတည်းမှာ ဖော်ဆောင်သွားမှာပါအောင်မင်္ဂလာစစ်ဆင်ရေးကို ရန်ကုန်တိုင်းတစ်ခုတည်းမှာ ဖော်ဆောင်သွားမှာပါ”လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အောင်မင်္ဂလာစစ်ဆင်ရေးရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ဇွန် ၂၄ရက်က သာကေတမြို့နယ်က ရေတပ်ဝန်းဂိတ်နဲ့ ဒေါပုံမြို့နယ်က ၂ထပ်တိုက်ဘန်ကာတွေကို တိုက်ခိုက်ခဲ့ပါတယ်။
GHFအနေနဲ့ အောင်မင်္ဂလာစသ်ဆင်ရေးကို ဇွန်လဆန်းပိုင်းက စတင်အကောင်အထည်ဖော်ခဲ့ပြီ mission ၄ခုအကောင်အထည်ဖော်ပြီးပြီလို့ဆိုပါတယ်။
အထူးသဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း မြို့နယ်တွေမှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့အနီးဝန်းကျင်မှာ သွားလာနေထိုင်တာတွေမလုပ်ဖို့ကို GHF က သတိပေးထားပါတယ်။