မန္တလေး MUFL ကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်

မန္တလေးမြို့ နိုင်ငံခြားဘာသာတက္ကသိုလ်(MUFL)ဝင်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတပ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Generation Z Power (Mandalay) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
မနေ့ကဇူလိုင် ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်မှာ မန္တလေးမြို့ ၆၂ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ MUFL ကျောင်းမှာ တပ်စွဲထားတဲ့ တပ်သားတွေ ကို GZP (Mandalay) မှ ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်မှ ထိခိုက်ဒဏ်ရာရသူများနိုင်ပြီး တက္ကသိုလ်ဝန်းအတွင်းသို့ အရေးပေါ်လူနာ တင်ကားအချို့ ဝင်ထွက်သွားလာနေပြီးထိခိုက်ဒဏ်ရာရရှိသူအတိအကျ မသိသေးကြောင်းဆိုပါတယ်။