မကွေးတိုင်းဒေသကြီး၊ထီးလင်းမြို့မှာ စစ်ကြောင်းထိုးနေတဲ့အကြမ်း ဖက်စစ်တပ်ရဲ့တပ်သားတွေက ဒေသကာ ကွယ်ရေးတပ်ဖွဲ့(PDF)ယူနီဖောင်းတွေ ဝတ်ဆင်ပြီး ပြည်သူတွေအထင်မှားအောင် လုပ်ဆောင်နေတယ်လို့
ယောဒသကာကွယ်ရေးအဖွဲ့ YDF (Htilin)က ထုတ်ပြန်ပါတယ်။
ထီးလင်းမြို့ကို ဇူလိုင် ၉ ရက်၊ညနေ ၃နာရီခွဲလောက်က အကြမ်းဖက်စစ်သား ၂၅ယောက်ကို လေယဉ်နဲ့ ပို့လာခဲ့ပြီး အဲဒီသူတွေဟာ PDF ယူနီဖောင်းနဲ့ ဦးထုပ်ဝိုင်းတွေကို လဲလှယ်ဝတ်ဆင်ခဲ့ကြတယ်လို့ YDF က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့တပ်သားတွေအနေနဲ့ အခုလို PDF ယူနီဖောင်းတွေကိုလဲလှယ်ဝတ်ဆင်ပြီး ပြည်သူများအထင်လွဲစေဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအယောင်ဆောင်ပြီး စစ်ဆေးရေးဂိတ်ထောင်တာ၊ရမ်းကားတာ၊ဂိတ်ကြေးတောင်းတာတွေပြုလုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားကြဖို့ ယောဒသကာကွယ်ရေးအဖွဲ့ YDF (Htilin)က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ YDF ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်အဖွဲ့ဝင် ၁၅ ယောက် သေဆုံးပြီးတဲ့နောက် အခုလို စစ်အင်အားဖြည့်တင်းခဲ့တာ ဖြစ်ပါတယ် ။