ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က 7 july နှစ် ၆၀ ပြည့် အထိမ်းအမှတ်ဆန္ဒပြလူငယ်တွေကို တိုယိုတာ ဘယ်လ်တာအိမ်စီးကားနဲ့ ဝင်တိုက်ပြီးဖမ်းဆီးတာလုပ်ဆောင်ခဲ့ပေမယ့် ကားနဲ့အတိုက်ခံခဲ့ရတဲ့ Yangon Revolution strike အဖွဲ့ဝင် လူငယ်ဟာ လုံခြုံတဲ့နေရာကို ရောက်ရှိပြီး လွတ်မြောက်သွားပြီလို့ လူငယ်နဲ့ နီးစပ်သူက အတည်ပြုပါတယ်။
ဒီကနေ့ဇူလိုင် ၇ ရက်၊ ညနေ ၃နာရီခွဲအချိန်က ရန်ကုန်-အင်းစိန်လမ်းမ၊သုခလမ်းမှတ်တိုင်အနီး 7 july နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလူငယ်တွေက ဘန်နာတွေကိုင်ဆွဲပြီး ဆန္ဒပြနေစဥ်မှာ အကြမ်းဖက်စစ်တပ်က ယာဥ်အမှတ် 7J/5050 ၊တိုယိုတာ ဘယ်လ်တာကား အဖြူရောင်နဲ့ ဝင်တိုက်ပြီး လူငယ်တွေကိုဖမ်းဆီးဖို့ လုပ်ခဲ့တာပါ။
ဆန္ဒပြလူငယ်တွေကိုအကြမ်းဖက်စစ်တပ်က ကားနဲ့ဝင်တိုက်ပြီးဖမ်းဆီးဖို့လုပ်ခဲ့တာကြောင့် လူငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Hlaing Information ရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဖမ်းဆီးခံရမှုရှိ၊မရှိကိုတော့ စုံစမ်းနေစဲဖြစ်တယ်လို့လည်းဆိုပါတယ်။
“အဖမ်းခံရတာ ဘယ်နယောက်ရှိမလဲ စုံစမ်းနေတုန်းပါ။ဒဏ်ရာရရှိသူတော့ တစ်ဦး ပါ။”လို့ Hlaing Information ရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ လှိုင်မြို့နယ်၊အင်းစိန်လမ်းမ တလျှောက်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေရောက်ရှိနေပြီး လှည်တန်းလမ်းဆုံကနေ ဗဟိုလမ်းအထိ လမ်းတချို့ကို ပိတ်ဆို့ စစ်ဆေးတာတွေလုပ်နေတယ်လို့ လှည်းတန်းလမ်းဆုံအနီး နေထိုင်သူတွေက ပြောပါတယ်။