သဉ္ဇာဝင့်ကျော် ဒီနေ့ ပြန်လွတ်မယ်

သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) အတွင် ဒေသဖွင့်ဖြိုးရေး Documentary ရိုက်ကူးရာက အပြန်မှာ အဖမ်းခံခဲ့ရတဲ့ မော်ဒယ် သဉ္ဇာဝင့်ကျော်ကို ဒီနေ့မှာ ပြန်လွှတ်ပေးမယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ရပခတိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူက ပြောတယ်ဆိုပြီး (SSPP/SSA) ရဲ့ လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ SSPP Info က လွန်ခဲ့တဲ့ မိနစ်ပိုင်းအတွင်းမှာ ရေးသားထားပါတယ်။
သဉ္ဇာဝင့်ကျော်ဟာ ရှမ်းပြည်ခရီးစဉ်အတွင်းမှာ (SSPP/SSA) က ဗိုလ်မှူးကြီး စိုင်းဆုရဲ့ သမီးဖြစ်သူ မင်္ဂလာဆောင်ကို SSA ယူနီဖောင်းဝတ်ပြီး တက်ရောက်ခဲ့တဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး အိမ်ပြန်ခရီးမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။