မကွေး၊ ခလရ ၂၅၈ က စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

မကွေးတိုင်းအခြေစိုက် အကြမ်းဖက်စစ်တပ် ခမရ ၂၅၈ ကနေ ရှင်မတောင်နယ်မြေကို မောင်းနှင်လာတဲ့ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၄ ဦးသေဆုံးပြီး ၇ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို PDF က ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၆ ရက်နေ့က ခမရ ၂၅၈ ကနေ မောင်းနှင်လာတဲ့ စစ်ကားကို ထန်းတိုကျေးရွာနဲ့ ချင်းယားကုန်းကျေးရွာကြားအရောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် အကြမ်းဖက်စစ်တပ်ဘက်က ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကတော့ ဘေးကင်းလုံခြုံရာကို အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါ တယ်။
တိုက်ခိုက်မှုကိုတော့ ရေစကြို PDFN-YSO ပြောက်ကျားတပ် ၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force၊ Steel Hawk (သံမဏိသိန်းငှက်) PDF တို့ပါဝင်တဲ့ အဖွဲ့ ၅ ဖွဲ့က မိုင်းလေးလုံးအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။