နိုင်ငံတကာဥပဒေတွေကို ကာကွယ်ရေး ကြိုးပမ်းကြဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

Photo – Russia

ကမ္ဘာကြီးဟာ ရှုပ်ထွေးတဲ့ပုံစံနဲ့ ပြောင်းလဲတိုးတက်နေတာကြောင့် နိုင်ငံတကာဥပဒေတွေကို ကာကွယ်ရေး  ကြိုးပမ်းဆောင်ရွက်ကြဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ကမ္ဘာပေါ်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးကို ဇူလိုင်လ ၆ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်  Sergei Lavrov က အခုလို ပြောခဲ့တာပါ။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုကနေ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်လို့ အနောက်နိုင်ငံတွေက ရုရှားက စွပ်စွဲထားတာကြောင့် သူ့ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ 

ရုရှားတပ်တွေ ယူကရိန်းနိုင်ငံထဲကနေ ထွက်သွားဖို့ တိုက်တွန်းတဲ့ နိုင်ငံတကာတရားရုံးရဲ့ ပြောကြားချက်ကို လိုက်နာဖို့ အီးယူခေါင်းဆောင်တွေက သမ္မတပူတင်အစိုးရကို တိုက်တွန်းထားပါတယ်။

ရုရှား – ဗီယက်နမ် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြို့တော် ဟနွိုင်းကို ရောက်ရှိနေတာပါ။

ဗီယက်နမ်နဲ့ ရုရှားတို့ဟာ ဆိုဗီယက်ခေတ်ကတည်းက နီးကပ်တဲ့ဆက်ဆံရေးတွေရှိခဲ့တာဖြစ်ပြီး ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ကျူးကျော်စစ်ကို ဗီယက်နမ်အနေနဲ့ အခုအချိန်အထိ ရှုတ်ချတာမရှိဘူးလို့လည်း သိရပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ အခုသီတင်းပတ်အတွင်း G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။