ရန်ကုန်- မန္တလေး အမြန်လမ်း နေရာတော်တော်များများမှာ ပိတ်ဆို့စစ်ဆေးနေ

ရန်ကုန်-နေပြည်တော်အမြန်လမ်းတလျှောက်ကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ထားပြီး ခရီးသွားယာဥ်တွေကို နေရာတော်တော်များများကနေ စစ်ဆေးနေတယ်လို့ ခရီးသွားတဦးက DNA ကိုပြောပါတယ်။
“ကျွန်တော်တို့ ရန်ကုန် 0 မိုင်မှာ တစ်ခါ၊ မိုင် ၄၀၊ ၄၄ မိုင်မှာတစ်ခါနဲ့နောက်တော့ ၁၁၅ မိုင်မရောက်ခင်၊ ၁၁၄ မိုင်မှာတစ်ခါစစ်တယ်။ အခုအထိ ကားတန်းကြီးက အရှည်ကြီးပဲ” လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။
ပိတ်ဆို့ရှာဖွေမှုကို ဒီကနေ့ ဇူလိုင် ၆ ရက်မနက်ပိုင်းကတည်းက လုပ်ဆောင်နေပြီး လက်ရှိအချိန်ထိလည်း ဆက်လက် လုပ်ဆောင်နေစဲဖြစ်တယ်လို့ သိရပါတယ်။
အခုလို လမ်းပိတ်ဆို့ရှာဖွေနေတာဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ၊လက်နက်သယ်ဆောင်တာတွေကို အဓိကထားရှာဖွေစစ်ဆေးနေတယ်လို့ ယူဆရပြီး၊ ခရီးသွားပြည်သူတွေကို မှတ်ပုံတင်နဲ့တကွတိုက်ဆိုင်စစ်ဆေးတာတွေ၊ ဓာတ်ပုံတွေနဲ့တကွတိုက်ဆိုင်စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။