သံသယရှိဖွယ် မြောက်ကိုရီးယားဘက်က ဆည်ရေလွှတ်မှုကြောင့်  နယ်စပ်အနီး တောင်ကိုရီးယား ခရီးသွားတွေ ဘေးလွတ်ရာရွေ့ပြောင်းရ

Photo – Google

တောင်ကိုရီးယားနိုင်ငံရှိ Imjin မြစ်ရေမြင့်တက်လာတာကြောင့် မြစ်ကမ်းကအနီး အပန်းဖြေ ခရီးထွက်လာသူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ တာဝန်ရှိသူတွေက ဇူလိုင်လ ၅ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အဲဒီမြစ်ရေကြီးမှုဟာ မြောက်ကိုရီးယားက တောင်ကိုရီးယားနယ်စပ်အနီးမှာရှိတဲ့ ဆည်တစ်ခုထဲက ရေတွေကို လွှတ်လိုက်ပုံရတယ်လို့ ဆိုထားပါတယ်။ 

တောင်ကိုရီးယားနိုင်ငံတောင်ဘက် Yeoncheon ခရိုင်ရှိ မြစ်ရေမျက်နှာပြင်ဟာ ဇူလိုင်လ ၄ရက်နေ့ မွန်းလွဲပိုင်းမှာ ၁ မီတာ ကျော်လွန်သွားခဲ့တာကြောင့် မြစ်ကမ်းပါးမှာရှိတဲ့ ခရီးသွားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ လိုအပ်တယ်လို့ အစိုးရအချက်အလက်တွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

“မြောက်ကိုရီးယားဟာ သူ့ရဲ့ Hwanggang ဆည်ကနေ ရေတွေ ထုတ်လွှတ်နေပုံရတယ်” လို့ တောင်နဲ့မြောက်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။

မြောက်ကိုရီးယားဟာ မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ရေကြီးမှုဒဏ်ကို ကာကွယ်ဖို့  အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ 

မြစ်ဟာ Yeoncheon ခရိုင်ကိုဖြတ်ပြီး စီးဆင်းနေတာကြောင့် ရေလှောင်တမံကနေ ရေမထုတ်မီ သတိပေးချက်ပေးဖို့  မြောက်ကိုရီးယားကို အကြိမ်ကြိမ် တိုက်တွန်းခဲ့ပေမယ့်  တစ်စုံတစ်ရာတုံ့ပြန်တာ မရှိခဲ့ဘူးလို့သိရပါတယ်။

၂၀၀၉ ခုနှစ်ကလည်း မြောက်ကိုရီးယားရဲ့ Hwanggang ဆည်ကနေ ရေထုတ်လွှတ်ရာကနေ ရုတ်တရက်ရေကြီးမှုကြောင့် တောင်ကိုးရီးယား ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။