မြင်းမူမှာအကြမ်းဖက်စစ်အုပ်စုကားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေမိုင်းဆွဲ တိုက်ခိုက်

အကြမ်းဖက်စစ်အုပ်စုတွေပါတဲ့ (၁၂) ဘီးကားကို စစ်ကိုင်းတိုင်းမြင်းမူနယ် ထီးဆောင်းနဲ့ ကန်ဖျား ဇရပ်ကြားမှာ မနေ့က ဇူလိုင်လ၅ရက်ညနေက မိုင်း(၈)လုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Forceက သတင်းထုတ်ပြန်လိုက်ပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား (၃)ဦး အနည်းဆုံးသေနိုင်ပြီး ဒဏ်ရာရသူတွေလဲ ရှိတယ်လို့ Moe Nyo Revolution Forceက ဆိုပါတယ်။
စစ်ဆင်ရေးကို Moe Nyo Revolution Force (M.N.R.F) ၊ PENTAGRAMငါးထောင့်ကြယ် ၊PEOPLE REVOLUTION FORCE P.R.F နဲ့ People’s Guerillas Commando – Myinmu တပ်ဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။