ထားဝယ်-ထီးခီလမ်းပိုင်းကို ဒီနေ့ကစပြီး လုံးဝအသုံးမပြုဖို့ DDPDFထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်-ထီးခီးလမ်းပိုင်းကို ဒေသခံတွေနဲ့ခရီးသွားပြည်သူတွေအနေနဲ့ ဒီကနေ့ဇူလိုင် ၅ရက်ကနေစပြီး လုံးဝအသုံးမပြုဖို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး-DDPDFအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ထားဝယ်ခရိုင်အတွင်းက ပြည်သူတွေအနေနဲ့ ထားဝယ်-ထီးခီးလမ်းပိုင်းကို ဒီကနေ့ ဇူလိုင် ၅ရက်ကနေ ဇူလိုင် ၁၁ရက်အထိ အသုံးမပြုဖို့နဲ့ သတ်မှတ်ရက်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်မှုတစ်စုံတရာကို လည်းကောင်း၊ပူးပေါင်းအဖွဲ့က စစ်ဆေးတာနဲ့လက်ရှိထုတ်ပြန်ချက်ကို လိုက်နာတာမရှိပါက ထိခိုက်မှုတစ်စုံတရာအတွက် တာဝန်ယူမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ထုတ်ပြန်သတ်မှတ်ထားတဲ့ ရက်အတွင်းမသင်္ကာဖွယ်ရာအားလုံးကို ထားဝယ်ခရိုင် ပြည်သူ့ ကာကွယ်​ရေး တပ်ဦး_DDPDF နဲ့ မဟာမိတ်ပူး​ပေါင်းအဖွဲ့ဖြစ်​​တဲ့ KNDO_Special တပ်ရင်း တို့က ရှင်းလင်းသွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့စစ်အာဏာရှင်​တော်လှန်​ရေးအတွင်း ပူး​ပေါင်းဆောင်ရွက်​ပေးဖို့ကို ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦး_DDPDFက ဆိုထားပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်-ထီးခီးလမ်းတလျှောက်နေရာအနှံ့မှာ ဒေသပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာ​၊စစ်ရေးတင်း မာတာတွေ ရှိနေတာတွေကြောင့် အခုလိုလမ်းပိုင်းတလျှောက်ကို အသုံးမပြုဖို့ကို People’s Defence Force -T1 အဖွဲ့က ဇူလိုင် ၃ရက်ကလည်း ထုတ်ပြန်ထားပါသေးတယ်။
မြန်မာ-ထိုင်းနယ်စပ် ထားဝယ်-ထီးခီး လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က အင်အားအများအပြားနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် KNDO၊ PDF ပူပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့ကတည်းက စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။