ကလေးမြို့မှာ စစ်အုပ်စုတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ကားကို ဒေသခံ PDF က မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေး – လက်ပန်ချောင်း လမ်းပေါ်မှာ အကြမ်းဖက်စစ်တပ် အဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ Skirt ကားကို ဒေသကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၃ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်က ကလေးမြို့နယ်၊ လက်ပံချောင်းရွာ မြောက်ဘက်နားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
“ကားကတော့လယ်ကွင်းထဲမှာ ပက်လက်လန်သွားတယ်။ ဘယ်လောက်သေမလဲတော့မသိဘူး။ မသေတဲ့ လူလည်း မချောင်လောက်ဘူး” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဇူလိုင် ၃ ရက်နေ့ ညနေပိုင်းမှာလည်း ကလေးမြို့တောင်ဘက် နည်းပညာတက္ကသိုလ်နားက အကြမ်းဖက်စစ်တပ်ကင်းတဲကို ဒေသခံ PDF က ပစ်ခတ်ခဲ့သေးတယ်လို့ ထိုမာကျေးရွာသားတစ်ဦးက ပြောပါတယ်။
“အတိအကျတော့မသိဘူး။ ထိခိုက်မူ မရှိဘူးထင်ပါတယ်.” လို့ သူက ပြောပါတယ်။
ပစ်ခတ်မှုအပြီးမှာတော့ အကြမ်းဖက်စစ်တပ်ရဲ့စစ်သားတွေဘက် သေနတ်တွေကို အတွဲလိုက်ပစ်ဖောက်တာမျိုးလုပ်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။