အင်္ဂပူမြို့နယ် ၊ ကညင်ရိုးကျေးရွာမှာ မြစ်ကမ်းပြို

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်သံအုပ်စု၊ ကညင်ရိုးကျေးရွာမှာ ဒီနေ့ ဇူလိုင်လ ၇ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်လောက်က ငဝန်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်ပါးပြိုခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့ မနက်မှာတော့ အလျား (၆၀) ပေနဲ့ အနံ (၂၄) ပေခန့် ပြိုကျခဲ့ပြီး ဆက်လက်ကမ်းပြိုနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အင်္ဂပူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မြစ်ကမ်းအနီးက နေအိမ်တလုံးကို ကူညီရွေ့ပြောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဧရာဝတီတိုင်းမှာ နှစ်စဉ်မိုးရာသီတိုင်း မြစ်ရေကြီးမှုဖြစ်ပွားလေ့ရှိပြီး မြစ်ရေတက်ချိန်နဲ့ မြစ်ရေကျချိန်တွေမှာ မြစ်ကမ်းပြိုမှုတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
Photo – မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန