ကလေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင်ပုံကို ခြေထောက်နဲ့နင်းပြီး ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ ကလေးမြို့ပင်မသပိတ်အဖွဲ့က ဆန္ဒပြလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ကလေးမြို့ မီးပွိုင့်လမ်းဆုံအပါအဝင် ရပ်ကွက်ထဲက လမ်းမပေါ်တွေမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကပ်ပြီး ခြေထောက်နဲ့ နင်းတာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။
“မင်းအောင်လှိုင်ပုံတွေကို လမ်းပေါ်မှာကပ်ပြီး ပြည်သူတွေရဲ့ခြေထောက်ကို သူ့မွေးနေ့လက်ဆောင်အဖြစ်ပေးတာပါ” လို့ သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံတွေကို လမ်းမပေါ်တွေမှာ ကပ်တဲ့အပြင် “လှည်းနေလှေအောင်း မြင်းဇောင်းမကျန်တော်လှန်ကြ” လို့ ရေးသားထားတဲ့ စာတန်းကိုလည်း ကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သပိတ်မှောက်ခဲ့တာ ၅၁၁ ရက်မြောက်ရှိပြီ ဖြစ်ပါတယ်။