မင်းတပ်မြို့နယ် ၊ ကျေးရွာနှစ်ရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဒီနေ့ဇူလိုင်လ ၂ ရက်နေ့ မနက် ၁၁ နာရီလောက်က ချပ်ရွာနဲ့ စင်တောင် ကျေးရွာနှစ်ရွာကို ဗုံးကြဲခဲ့တာကြောင့် ဒေသခံနှစ်ဦးသေဆုံးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အပြာရောင် ဂျက်လေယာဉ်နှစ်စီးရောက်လာပြီး ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ထင်ရှားတယ် ။ စစ်အုပ်စုလေယာဉ်တွေဟာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာအပေါ် ကင်းထောက်ပျံသန်းတာတွေ ပြုလုပ်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ တွေ့ရတယ်လို့ Chin Defence Force – Mindat ကလည်း ထုတ်ပြန်ထားပါတယ်။
စစ်အုပ်ဟုဟာ စစ်လေယာဥ်တွေအသုံးပြုပြီး တိုင်းရင်းသားပြည်သူတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိကျူးလွန်တဲ့ စစ်ရာဇဝတ်မူတွေကို CDF – Mindat အနေနဲ့ ပြင်းပြင်းထန်ထန်ရူံ့ချတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
– ပုံအဟောင်း အသုံးပြုထားခြင်း ဖြစ်ပါသည်။