အုတ်ဖို PDF ရဲဘော် ၄ ဦး အလင်းဝင်လာတယ်လို့ စစ်အုပ်စုမီဒီယာတွေရဲ့ ဖော်ပြချက်ဟာ လိမ်ညာဝါဒဖြန့်ခြင်း သာဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)၊တပ်ခွဲ (၄) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အုတ်ဖိုမြို့နယ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်အုပ်စုဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြတဲ့ အုတ်ဖိုမြို့နယ်က PDF ၄ ဦးဆိုသူတွေမှာ တရားရုံးကနေ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းအထုတ်ခံရသူတွေသာဖြစ်ပြီး အုတ်ဖို PDF တပ်ဖွဲ့ဝင်တွေမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်အုပ်စုဝါဒဖြန့်မီဒီယာတွေရဲ့ ဖော်ပြချက်ဟာ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
အုတ်ဖို PDF တပ်ဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်တွေ အမြစ်ပြတ်တဲ့အထိ တိုက်ဝင်သွားကြမယ့်သူတွေဖြစ်ပြီး ဘယ်တော့မှ စစ်အာဏာရှင်အောက် ဒူးထောက်အညံ့ခံမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ပါတယ်။