ပုလောမှာ တိုက်ပွဲပြင်းထန်၊ စစ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Palaw Regional Defense Force (PRDF) က ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
ပုလောမြို့နယ်၊ နန်းတောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပုလော PDF၊ ပုလော PRDF နဲ့ မဟာမိတ် အင်အားစုတို့ ဇွန် ၂၇ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီးနဲ့ လွတ်မြောက်နယ်မြေထဲ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ ပုလော PRDF နဲ့ မဟာမိတ်ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။