မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးသေ၊ ၄ ဦးဒဏ်ရာရခဲ့ကြောင်း မြိုင် PDF ကထုတ်ပြန်ပါတယ်။
ဇွန် ၂၇ ရက်နေ့ ညနေ ၅ နာရီထိုးခါနီးမှာ မြိုင်မြို့နယ်၊နယ်သတ်ရွာအနီး ခန့်မှန်းအင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်း ၄ လုံး၊ရှေ့ထွက်မိုင်း ၅ လုံးတို့နဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
‘PDFရဲဘော်တွေရှေ့တင် တုံးလုံးပက်လက်တွေဖြစ်ကုန်တာ တွေ့ရတယ်။ပြီးတော့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ စစ်ခွေးတွေသေတာနဲ့ဒဏ်ရာရစာရင်းကိုသိရတယ်။မိုင်းထိပြီးတော့ ဘုန်းကြီးကျောင်းထဲဝင်ပြေးသွားတာ တော်ရုံနဲ့ ပြန်မထွက်ရဲတော့ဘူး’လို့ မြိုင်မြို့PDF ထောက်ပို့ရဲဘော်တစ် ဦးကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မိုင်းဆွဲခံရပြီးနောက် နယ်သတ်ရွာ ဘုန်းကြီးကျောင်းဝန်းထဲ ဒဏ်ရာရသူတွေကို တွဲခေါ်ဝင်ရောက်သွားကြောင်းထုတ်ပြန်ထားပါတယ်။
ပုံစာ-တိုက်ပွဲဝင်ဖို့လေ့ကျင့်နေတဲ့ မြိုင် PDF