ချောင်းဦး – ပခုက္ကူလမ်းပိုင်းကို အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်

ချောင်းဦး – ပခုက္ကူလမ်းပိုင်းကို အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦးPDF က ဒီနေ့မနက်၅နာရီကျော်မှာ ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ ချောင်းဦး – ပခုက္ကူလမ်းပိုင်းကို ယာယီပိတ်ထားမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံးဝအသုံးမပြုကြဖို့နဲ့ လိုက်နာခြင်းမရှိသူတို့ရဲ့ လုံခြုံရေးကို အာမမခံနိုင်ဘူးလို့ လည်း ဆိုပါတယ်။
လက်ရှိ အဲဒီလမ်းပိုင်းပေါ် သွားလာနေကြတဲ့မော်တော်ယာဉ်တွေအနေနဲ့ အန္တရာယ်ကင်းရှင်းစေရေးအတွက် ရောက်ရာအရပ်မှာ ခေတ္တရပ်နားထားကြဖို့လည်း ချောင်းဦးPDF ကမေတ္တာရပ်ခံထားပါတယ်။