ကလေး- ဖလန်း ကားလမ်းကို ပြည်သူတွေသွားလာခြင်းမပြုကြဖို့ CNOနဲ့ CNDF မေတ္တာရပ်ခံ

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ချင်းတောင်ပေါ်ကို အင်အားအလုံးအရင်းနဲ့တက်လာတာကြောင့်ပြည်သူတွေ ကလေး-ဖလန်းကားလမ်းကို သွားလာခြင်းမပြုကြဖို့ CNOနဲ့CNDFအဖွဲ့တွေက ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုတပ်ဟာ ဇွန်လ ၂၇ ရက်နေ့မနက် ၇ နာရီဝန်းကျင်မှာ ကားငါးစီးလူအပြည့် လက်နက်အပြည့်အစုံနဲ့ ကလေးမြို့ကနေချင်းတောင်ပေါ်ကို တက်သွားခဲ့ပါတယ်။
တက်သွားပြီး နာရီပိုင်းအကြာမှာပဲCNOနဲ့CDF အဖွဲ့က “အကြမ်းဖက်စစ်အုပ်စုတွေ ကလေးမြိုမှ ချင်းပြည်နယ်သို့ တက်လာကြသည့်အတွက် မိဘပြည်သူများအနေဖြင့် ကလေး-ဖလမ်း ကားလမ်းသို့ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြဖို့ အသိပေးအပ်ပါသည်။”လို့ ထုတ်ပြန်ကြေငြာခဲ့တာပါ။
ကလေး-ဖလန်းကားလမ်းဟာ ဖလန်းဒေသခံတွေအဓိကအသုံးပြုနေရတဲ့ လမ်းပိုင်းတစ်ခုဖြစ်ပြီး စစ်ကြောင်းနဲ့တွေ့ရင် ကုန်ပစ္စည်းတချို့ယူတာခံရတယ်လို့ ဖလန်းဒေသခံတစ်ဦးကပြောပါတယ်။
” ကျမတို့တောင်ပေါ်အတွက်စားကုန်သောက်ကုန်က ကလေးမြို့ကအဓိကလာတာလေ။ စစ်ကြောင်းရှိရင်ခဏနား။ ဆွဲလို့ရတာနဲ့ဆွဲကြတော့တာပါပဲ” လို့ ဖလန်းမြို့ခံတစ်ဦးကဆိုပါတယ်။
ကလေး- ဖလမ်းကားလမ်းကို ကားတွေပုံမှန်ပြေးဆွဲနေတာ နှစ်လလောက်သာရှိသေးပြီး လက်ရှိမှာ စစ်ကြောင်းက ချင်းတောင်ပေါ်တက်နေတာကြောင့်အခြေအနေကိုစောင့်ကြည့်နေရတယ်လို့ ယာဥ်မောင်းတစ်ဦးကပြောပါတယ်။
ချင်းတောင်ပေါ်ကိုတက်သွားတဲ့ စစ်ကြောင်းတိုင်းဟာ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေ ရဲ့တိုက်ခိုက်မူ ကို ခံရလေ့ရှိတာကြောင့် ဒေသခံတွေအနေနဲ့တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။
(ဓာတ်ပုံ- CNO ပုံဟောင်း)