မတော်တဆမှုကြောင့် 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞 လက်နက်တိုက်ရောစခန်းပါ မီးလောင်

ပခုက္ကူခရိုင်အခြေစိုက် 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞 – 𝐔𝐆 အဖွဲ့ ထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် မတော်တဆဖြစ်ပြီး လက်နက်တိုက်ရောစခန်းပါ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်၂၅ရက်နေ့က ထုတ်လုပ်ရေးလုပ်နေစဉ် မတော်တဆဖြစ်ခဲ့ပြီး ယမ်းစနဲ့ ကျည်တွေ ပေါက်ကွဲမီးလောင်ခဲ့ ကြောင်း 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞 – 𝐔𝐆 ကထုတ်ပြန်ပါတယ်။
‘မီးစတွေ လက်နက်တိုက်ဘက်ဘက်ကူးသွားခဲ့ပြီး ပစ္စည်းတွေ မီးလောင်ပေါက်ကွဲနေတာကြောင့် ကျွန်တော်တို့လည်း ဘာလက်နက်တစ်ခုမှ သယ်ထုတ်လို့ မရခဲ့ပါဘူး။အဖွဲ့က စုဆောင်းထားသမျှ လက်နက်တွေ အကုန် ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ ရဲဘော်လေးတွေလည်း အတော်လေးကြေကွဲ စိတ်အားငယ်နေကြပါတယ်’လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့်လက်နက်တွေ ပြန်လည်ဝယ်ယူဖို့အတွက် ပြည်သူတွေကူညီကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။