ဒေါက်တာတေဇာဆန်းကို Park Jong-cheol လူ့အခွင့်အရေးအထူးဆုချီးမြှင့်

Park Jong-cheol လူ့အခွင့်အရေးအထူးဆုအဖြစ် နွေဦးတော်လှန်ရေးဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါက်တာ တေဇာဆန်းကို ချီးမြှင့်ကြောင်းသိရပါတယ်။
ဒီဆုဟာ အခုနှစ်အတွက် ၁၈ကြိမ်မြောက်ချီးမြှင့်တဲ့ ဆုဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို လာမယ့်ဇွန် ၂၉ရက်မှာ တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ကျင်းပမယ်လို့ ဆုရွေးချယ်ရေးကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။
၂၀၀၃ခုနှစ်ကစပြီး ဒီမိုကရေစီနဲ့လူ့အခွင့်အရေးမြှင့်တင်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို နှစ်စဉ်Park Jong-cheol လူ့အခွင့်အရေးဆုပေးအပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် Park Jong -cheol လူ့အခွင့်အရေးဆုကို ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့ကြရတဲ့ မြန်မာပြည်သားအားလုံးကို ပေးအပ်ခဲ့ပါတယ်။
Park Jong -cheol ဟာ ဆိုးလ်အမျိုးသားတက္ကသိုလ်က ကျောင်းသားတစ်ဦးဖြစ်ပြီး ၁၉၈၇ခုနှစ်၊အသက်၂၁နှစ်အရွယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် ရဲတွေက ဖမ်းဆီးစစ်ဆေးမေးမြန်းစဉ် ကျဆုံးသွားခဲ့သူဖြစ်ပါတယ်။