မြင်းမူမှာ စစ်သားတွေတင်လာတဲ့ကား မိုင်း ၅ လုံးထိ

စစ်ကိုင်းကနေ မြင်းမူဘက် စစ်သားတွေအပြည့်တင်ထားပြီး ထွက်ခွာလာတဲ့ကားကို မိုင်း ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိချက်မှန်တာကြောင့် ဒဏ်ရာအများအပြား ရနိုင်ကြောင်း သိရပါတယ်။
ဒီနေ့ (ဇွန် ၂၅ ရက်) မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ ကင်းပုန်ဝပ်ဖို့ထွက်လာတဲ့ကားကို မြင်းမူမြို့နယ် နပဲကြူးဇရပ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သာ အသေအပျောက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း Moe Nyo Revolution Force က ထုတ်ပြန်ပါတယ်။
အဲဒီမိုင်းစစ်ဆင်ရေးကို Moe Nyo Revolution Force ၊ PENTAGRAMငါးထောင့်ကြယ်၊ PEOPLE REVOLUTION FORCE နဲ့ People’s Guerillas Commando – Myinmu တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီနေ့မနက်ကစပြီး နောက်ထပ်သတိပေးချက် မထုတ်မချင်း စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်းကို ပြည်သူတွေလုံးဝအသုံးမပြုကြဖို့ Moe Nyo Revolution Force က ထုတ်ပြန်ထားပါတယ်။