အင်းတော်-ဗန်းမောက်ကားလမ်းပေါ် ဖြတ်သန်းခြင်းမပြုကြဖို့ အရေးပေါ်ထုတ်ပြန်

အင်းတော်-ဗန်းမောက်ကားလမ်းကိုဇွန်လ၂၅ရက်နေ့မနက်အထိ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ Indaw Revolution-IR ကအရေးပေါ်ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့(ဇွန်၂၄ရက်နေ့)မနက် ၆နာရီကနေ ဇွန်လ၂၅ရက်နေ့ မနက်၆နာရီအထိ အင်းတော် – ဗန်းမောက် ကားလမ်းပေါ် သုံးဘီး ၊ ဆိုင်ကယ် ၊ ကား စတဲ့ ဘယ်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ဒီနေ့မနက်မှာ Indaw Revolution-IR ကထုတ်ပြန်တာပါ။
စည်းကမ်းမလိုက်နာဘဲ ကားလမ်းအသုံးပြုပြီး တစ်စုံတစ်ရာဖြတ်ပွားခဲ့ပါက လုံးဝတာဝန်မယူဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
အခုလိုသတိပေးချက်ကို ပြည်သူအချင်းချင်း လက်ဆင့်ကမ်းဆက်သွယ်အသိပေးကြဖို့လည်း မေတ္တာရပ်ခံထား ပါတယ်။