စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ဟဲလုပ်ကျေးရွာအနီးမှာ ကလေးပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ အကြမ်းဖက်စစ်တပ်ကြား ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်က ၁၀ဦးသေဆုံးခဲ့ပြီး ကလေး PDF တစ်ဦးကျဆုံးခဲ့တယ်လို့ Chinland Defence Force (CDF) က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ CDF-KKGတပ်ရင်း(၃)၊PDF Kalay၊Vakok/NA(CNDF)၊ RKDFနဲ့ပကဖ ပူးပေါင်းတို့ဟာ ဒီကနေ့ ဇွန် ၂၂ရက် မနက် ၉နာရီ၊မိနစ်၃၀ အချိန်မှာ တိုက်ပွဲစဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့ ၊နတ်မြောင်းရွာကနေ ခြေလျင်တောနင်းလာတဲ့ အကြမ်းဖက်စစ်သား ၁၀၀ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဟဲလုပ်ရွာအနီးမှာချုံခိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က ၁၀ဦးသေဆုံးပြီးအမြောက်အမြားဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းအဖွဲ့ရဲ့ ပကဖ ရဲဘော်တစ်ဦး ၊ Vakok/NA(CNDF)အဖွဲ့က ၂ဦး ၊ PDF Kalay တစ်ဦး၊စုစုပေါင်း ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ PDF Kalayက အဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့တယ်လို့ဆိုပါတယ်။
ဟဲလုပ်ရွာဟာ ကလေးမြို့နယ်တောင်ပိုင်းမှာရှိပြီး နတ်မြောင်းရွာနဲ့ ခုနစ်မိုင်လောက်ကွာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။