စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းရွာနားတစ်ဝိုက် မိုင်းရှင်းပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကား ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်တည့်တည့်ထိမှန်တာကြောင့် စစ်သားအသေအပျောက်များနိုင်ကြောင်းသိရပါတယ်။
ဇွန်လ ၂၁ ရက်နေ့ မနက် ၁၁နာရီခွဲလောက်မှာ ဘိုးမင်းကြီးကင်းနားတဝိုက်အကြမ်းဖက်စစ်တပ် မိုင်းရှင်းလင်းပြီး နောက် Canter ကားနဲ့ အပြန်တစ်ဖက်ပွင့် ၄ ချောင်း၊ မိုင်း ၁၀ လုံးတို့နဲ့ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ ကထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကား ပွိုင့်တည့်တည့်အရောက်မှာ မိုင်းဆွဲနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
တစ်ဖက်ပွင့် ၄ ချောင်း၊ မိုင်း ၁၀ လုံးတို့ကို အမျိုးသမီးစစ်သည်တော် တပ်ရင်း (မြောင်) – M2W က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။မိုင်းစစ်ဆင်ရေးကို ဒေသတွင်းမဟာမိတ်၇ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။