စစ်အုပ်စု ဆောက်လုပ်နေတဲ့ မုံရွာ၊ သာစည်ရွာက အကျဉ်းထောင်ကို သတိပေးဖြိုချ

မုံရွာမြို့နယ်၊ သာစည်ရွာမှာ စစ်အုပ်စုတည်ဆောက်နေတဲ့ အကျဉ်းထောင်အဆောက်အအုံကို ပထမဆုံးအကြိမ် သတိပေးဖြိုချခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
အဲဒီနေရာမှာ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးကာ ထားဖို့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်နေခြင်းဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
အခု ပထမဆုံးအကြိမ်ဖြိုချခဲ့မှုမှာ လေးထပ်ဆောင်တစ်ဆောင်နဲ့ ဘတ်ဖိုးကားတစ်စီးပျက်စီးခဲ့ပြီး အကျဉ်းထောင် ဆောက်လုပ်ရေးအတွက် အလုပ်လုပ်‌ ပေးနေသူတွေကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် သတိပေးကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
အဲဒီ စစ်‌ဆင်ရေးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force )ရဲ့ အထူးကွန်မန်ဒို တပ်ဖွဲ့ Monywa The Boys ၊ မုံရွာခရိုင် တပ်ရင်း-၂ တပ်ခွဲ-၂ Monywa Special ဒိတ်ဒိတ်ကြဲတပ်ဖွဲ့ ၊ မုံရွာခရိုင် တပ်ရင်း-၄ တပ်ခွဲ-၁ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၄ တပ်ခွဲ-၂ ခွေးသတ်မုဆိုး တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ပုံစာ-သပြေညိုပြောက်ကျားရဲဘော်တွေ