မီတာ ၁၅၀နဲ့၂၀၀ ကြားတိုက်ပွဲတွေအတွက် ၄၀(မမ)ဗုံးပစ်လောင်ချာ YPDF တီထွင်ထုတ်လုပ်ထား

မီတာ ၁၅၀နဲ့၂၀၀ ကြားတိုက်ပွဲတွေအတွက် YAfourty – ၄၀(မမ)ဗုံးပစ်လောင်ချာကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)က တီထွင်ထုတ်လုပ်ထားကြောင်းသိရပါတယ်။
အကွာအဝေး မီတာ၁၅၀နဲ့၂၀၀ ကြား ရင်ဆိုင်တိုက်ပွဲ၊ အလစ်အငိုက်တိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်ပြီး တပ်ဖွဲ့တွင်း လက်ရှိသုံးစွဲနေသော ကိုယ်တိုင်ထုတ် လက်နက်အမျိုးအစားတစ်ခုဖြစ်ကာ ခန့်မှန်းကုန်ကျစရိတ်အနေနဲ့ YAfourty – 40mm တစ်လက်ကိုကျပ် ၅ သိန်းလောက်ကျသင့်ပါတယ်။
‘စက်ရုံထုတ်တွေ ဝယ်မသုံးနိုင်သေးတဲ့အနေအထားမှာ ကိုယ်တိုင်ထုတ် လက်လုပ်တွေကိုပဲ အကောင်းဆုံး၊ အထိရောက်ဆုံးဖြစ်အောင် တီထွင်သုံးစွဲရဦးမှာပဲ ဖြစ်ပါတယ်။
ထုတ်လုပ်ရေးအတွက် လိုအပ်နေသော ကုန်ကြမ်းများဝယ်ယူနိုင်ရေးအတွက်လည်း တတ်နိုင်သမျှ ပါဝင်လှုဒါန်းကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်’လို့ YPDFက ဆိုပါတယ်။
YPDF ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဌာနက တီထွင်ထုတ်လုပ် အောင်မြင်နေတဲ့ လက်နက်ခဲယမ်းတွေကို အလျဉ်းသင့်သလို တင်ပြသွားဦးမယ်လို့လည်း ဆိုပါတယ်။