စစ်ကျွန်ဘဝလွတ်မြောက်ရေး တိုက်ပွဲဝင်နေတဲ့ကရင်နီပြည်သူတွေကို လေးစားကြောင်း ကေအဲန်ယူပြော

စစ်တပ်က မတရားအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီ၁ရက်နေ့ကစပြီး စစ်ကျွန်ဘဝကလွတ်မြောက်ရေး အတွက် ဒီနေ့ထိတိုင် တိုက်ပွဲဝင်နေတဲ့ကရင်နီပြည်သူတွေကို လေးစားအသိအမှတ်ပြုဂုဏ်ယူကြောင်း ကေအဲန်ယူ ကဆိုပါတယ်။
ဒီကနေ့ ကျရောက်တဲ့ (၁၄၇)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအ စည်းအရုံးက ပေးပို့တဲ့ သဝဏ်လွှာမှာ အဲဒီလိုဖော်ပြထားတာပါ။
ဒီနေ့ကျရောက်တဲ့ (၁၄၇)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့မှာ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ် အား လုံး ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီထူထောင်နိုင်တဲ့အထိကကေအဲန်ယူကလည်း အတူတကွဆက် လက်လက်တွဲကာ တိုက်ပွဲဝင်သွားမယ်လို့ သံန္နိဌာန်ပြုတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာရှင်နဲ့ မြန်မာစစ်အစိုးရအဆက်ဆက်ရဲ့ နည်းမျိုးစုံဖိနှိပ်အုပ်ချုပ်မှုနဲ့ တားဆီးပိတ်ပင်မှုတွေကြောင့် ကရင်နီအမျိုးသားနေ့ကို ကရင်နီလူထုတချို့ပင် မသိရှိခဲ့ရတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရတယ် လို့ ဆိုပါတယ်။
ကရင်နီအမျိုးသားနေ့ဟာ ကရင်နီအမျိုးသားတို့ရဲ့ သူ့ကျွန်မခံလိုတဲ့စိတ်ဓာတ်၊အာဏာရှင်ဆန့်ကျင်ရေးစိတ် ဓာတ်၊အမျိုးသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်နဲ့အတူ ဒီမိုကရေစီကိုချစ်မြတ်နိုးကာ လွတ်လပ်ပြီး ကိုယ်ပိုင် စီမံအုပ်ချုပ်ပိုင်ခွင့် ကျင့်သုံးခဲ့တဲ့ သမိုင်းအနှစ်သာရနဲ့ပြည့်စုံတဲ့ အခြေခံကနေ ပေါက်ဖွားလာခဲ့ခြင်းဖြစ်တယ်လို့ လည်းဆိုပါတယ်။