စစ်ကိုင်းတိုင်း၊ ကသာမြို့ထိပ်က မြဆည်းဆာစစ်တပ်ဂိတ်ကို ကသာပကဖ က အီနာဂါ ဗုံးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား၅ဦးဆေးရုံရောက်သွားကြောင်းသိရပါတယ်။
ကသာမြို့ကနေအရှေ့ဘက်ကမ်းကို ရေကြောင်းနဲ့ စစ်ကြောင်းထိုးဖို့ ရေဆိပ်မှာ ပြင်ဆင်နေချိန် ဇွန်၁၉ရက်နေ့ မွန်းလွဲ ၂နာရီ၁၀မိနစ်လောက်မှာ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ Generation Z အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကသာပကဖ ကထုတ်ပြန်ပါတယ်။
အီနာဂါဗုံးနဲ့ ဘယ်လိုတိုက်ခိုက်လိုက်သလဲဆိုတာကို နောက်ထပ်တိုက်ခိုက်မယ့်အစီအစဉ်တွေရှိသေးတာ ကြောင့် မထုတ်ပြန်သေးဘူးလို့ ဆိုပါတယ်။
အီနာဂါဗုံးထိမှန်ပြီး ဆေးရုံရောက်သွားတဲ့ စစ်သား၅ဦးရဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။