ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေကို မတိုက်ခိုက်ကြဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်

စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို မတိုက်ခိုက်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းခဲ့ပါတယ်။
ဇွန် ၁၉ ရက်နေ့၊ ရေရှုခရစ်တော် လူဝင်စားခြင်းနေ့ ဆုတောင်းပွဲအပြီးမှာ ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင် ဝတ်ပြုဆုတောင်းသူတွေကို အဲဒီလိုပြောဆိုခဲ့ကြောင်း VOA ကဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ နေအိမ်တွေမီးရှို့ခံနေရပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူအများအပြားဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကာ သူတို့အတွက် လူသားချင်းစာနာမှု အထောက်အပံတွေလည်း မရှိဘူးလို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန်ခွင့်ကိုလေးစားဖို့ လည်း ပုပ်ရဟန်းမင်းကြီးကတိုက်တွန်း ပါတယ်။
မြန်မာပြည်သူတွေကိုနိုင်ငံတကာ အသိုင်းအဝိုင်းက မေ့မထားပါဘူးလို့လည်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။