ကြမ်းကြုတ်ရက်စက်မှုတွေကို နေ့စဉ်ကြုံနေတဲ့ မြန်မာမှာအကူအညီအရေးတကြီးလိုနေလို့ ကင်မ်အဲရစ်ပြော

ပြည်တွင်းစစ်နဲ့ မရေတွက်နိုင်အောင်များပြားလှတဲ့ကြမ်းကြုတ်ရက်စက်မှုတွေကို နေ့စဉ်ရင်ဆိုင်နေရတဲ့ မြန် မာနိုင်ငံမှာ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်က ပြောကြားလိုက်ပါတယ်။
သူ့ရဲ့မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်ပြည့်မွေးနေ့အတွက် ကင်မ်အဲရစ် ရဲ့ မွေးနေ့ဆုတောင်းဗီဒီယို မှာ အဲဒီလိုပြောကြားခဲ့ခြင်းဖြစ်ပြီးအဲဒီမွေးနေ့ဆုတောင်းဗီဒီယိုဖိုင်ကို နော်ဝေနိုင်ငံက Aung San Suu Kyi Park Froland Norway ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြခဲ့တာပါ။
အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဘယ်နေရာမှာအကျဉ်းကျနေသလဲ၊ကျန်းမာရေးအခြေအနေဘယ် လိုရှိသ လဲဆိုတာ အသေးစိတ်မသိရဘဲ သူ့မွေးနေ့ကိုကျင်းပနေတာပါလို့ ကင်မ်အဲရစ်က ဆိုပါတယ်။
‘ကျနော်တို့အားလုံးက သူ့ကိုသတိရနေတယ်ဆိုတဲ့ ကျနော်တို့ရဲ့ မွေးနေ့ဆုတောင်း သူ့ဆီကို ရောက်ပြီး သိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်’ လို့ သူကပြောပါတယ်။
ဆက်လက်ပြီး ကင်မ်အဲရစ်က မြန်မာ့ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ခက်ခက်ခဲခဲကြိုးပမ်းနေကြတဲ့ ကမ္ဘာတစ်ဝန်းက ပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။