ဂန့်ဂေါမှာ အကြမ်းဖက်တပ် ရှေ့ထွက်ပြောင်းနဲ့ တိုက်ခိုက်ခံရ၊ ၅ဦးသေတယ်လို့ပြော

photo-YRPA
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သင်တောရွာကနေ ထွက်လာတဲ့ အကြမ်းဖက်တပ်ကို ရှေ့ထွက်ပြောင်းတွေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား၅ဦးသေဆုံးခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(YRPA)က ဒီ ကနေ့ထုတ်ပြန်ပါတယ်။
ဇွန်၁၈ရက်နေ့၊မနက်၇နာရီလောက်မှာ တောင်ခင်ရန်းရွာမှာ ညအိပ်ပြီး မြောက်ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်သား၂၀၀ကျော်တို့ကို သင်တောရွာအထွက်မှာ PDF-(701)Gangaw Battalion (YRPA) တပ်ခွဲ (၃)နဲ့ ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ဒဏ်ရာရစစ်သားတွေလည်း ရှိကြောင်း YRPA က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ တော်လှန်ရေးရဲဘော်တွေထိခိုက်မှုလုံးဝမရှိဘဲ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။