သီရိလင်္ကာမှာ လောင်စာဆီပြတ်လပ်မှုကြောင့် အစိုးရဝန်ထမ်းတွေ အိမ်ကနေသာ အလုပ်လုပ်ရမယ်

Photo – Reuters

သီရိလင်္ကာနိုင်ငံဟာ နှစ်ပေါင်း ၇၀အတွင်း အဆိုးရွားဆုံးဘဏ္ဍာရေး မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး လောင်စာဆီပြတ်လပ်တာကြောင့် အစိုးရဝန်ထမ်းတွေကို အိမ်ကနေ နှစ်ပတ်ကြာ အလုပ်ဆင်းဖို့ ဇွန်လ ၁၇ရက်မှာ အစိုးရက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ အလွန်အမင်းလိုအပ်နေတဲ့ စက်သုံးဆီတင်သွင်းမှုအတွက်ပေးချေဖို့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ရှာဖွေနေပြီး သူ့ရဲ့လက်ရှိဓာတ်ဆီနဲ့ဒီဇယ်လက်ကျန်တွေက ရက်ပိုင်းအတွင်း ကုန်သွားတော့ မယ်လို့ ခန့်မှန်းထားပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရရဲ့ စီမံခန့်ခွဲမှုလွဲမှားတာနဲ့ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားတာတွေ ပေါင်းစပ်ပြီး လူဦးရေ ၂၂ သန်းရှိတဲ့ နိုင်ငံဟာ အနက်ရှိုင်းဆုံး စီးပွားရေးအကျပ်အတည်းဆီ ရောက်ရှိခဲ့တာပါ။ 

“အများသူပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် အားနည်းလာတာနဲ့ ကိုယ်ပိုင်ယာဉ်တွေအသုံးပြုတဲ့နေရာမှာ အခက်အခဲရှိလာတာကြောင့် တနင်္လာနေ့ကစပြီး ဝန်ထမ်းအနည်းငယ်သာ အလုပ်လုပ်ဖို့ အကြောင်းကြားနိုင်မယ်” လို့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ ၁၇ရက်နေ့မှာ ပြောပါတယ်။

လာမယ့်လေးလတာကာလအတွင်း သီရိလင်္ကာနိုင်ငံသား ၁ ဒသမ ၇ သန်းကို အကူအညီပေးနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၄၇ သန်း ကောက်ခံဖို့ အစီအစဉ်ကို ကုလသမဂ္ဂက အတည်ပြုထားပြီးဖြစ်ပါတယ်။

“လာမယ့်လတွေမှာ စားနပ်ရိက္ခာပြတ်လပ်တာတွေကြောင့် သီရိလင်္ကာနိုင်ငံသား ၅ သန်းအထိ တိုက်ရိုက်သက်ရောက်မှုရှိနိုင်တယ်” လို့ ဝန်ကြီးချုပ်ရုံက ထုတ်ပြန်ထားပါတယ်။