တောင့်ထားကြ တို့ပြည်သူ

တိုင်းပြည်ရဲ့ကံကြမ္မာက ကျနော်တို့မျှော်မှန်းထားတာထက် ပိုနက်ရှိုင်းလို့လာလေပြီ။၂၀၂၁ခုနှစ် ဖေ ဖေါ်ဝါရီ၁ရက်နေ့၊အာဏာသိမ်းပြီးချိန်ကစလို့ တဖြည်းဖြည်း နက်ရှိုင်းလာခဲ့တဲ့အမှောင်ဟာ ၆လတာကာလကို ရောက်တော့ သိသိသာသာ။၂၀၂၁ခုနှစ်၊နှစ်ကုန်ပိုင်းကျတော့ ကျနော်တို့ရဲ့နေ့တွေဟာ ပိုမိုနက်ရှိုင်းတဲ့အ မှောင်ထုကြီးဆီ မြန်မြန်ဆန်ဆန်တိုးဝင်နေပြီဖြစ်ကြောင်း ကိုယ်စီနားလည် လိုက်ကြတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် သိပ်မကြာ၊သူဆုတ်ကိုယ်ဆုတ်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရုပ် သိမ်းခဲ့တာကြောင့် တန်းစီအလုပ်ပြုတ်ကြတဲ့အခြေအနေကနေ ၂၀၂၁နှစ်ကုန်ပိုင်းကိုရောက်တော့ ရန်ကုန် မြို့ပေါ် သက်သောင့်သက်သာရပ်တည်နေနိုင်တဲ့ အသေးစားနဲ့အိမ်တွင်းလုပ်ငန်းငယ်တွေကိုပါ လျှပ်စစ်မီး ဆိုးဆိုးရွားရွားမရရှိမှုနဲ့ လောင်စာဆီဈေး ထိုးထိုးထောင်ထောင် မြင့်တက်လာခဲ့တဲ့အခြေအနေအရ သိသိ သာသာ လုပ်ငန်းတွေပျက်ကြပြန်တယ်။

မြန်မာ့အတိုင်းအတာနဲ့ခေါ်ကြတဲ့ရန်ကုန်စက်မှုဇုန်တွေက အလတ်စားစက်ရုံတွေဟာလည်း လျှပ်စစ် မီးမလာလို့ မီးစက်နဲ့စက်ရုံလည်ရင် အရှုံးပေါ်တော့တာမို့ မီးမလာရင် ဖြစ်ချင်ရာဖြစ် စက်ရုံရပ်စနစ်ကို ကျင့် သုံး ခဲ့ကြရတယ်။ဒီလောက်မီးပျက်နေတာ မီးပျက်တိုင်းသာ စက်ရုံရပ်ထားကြေးဆို စက်ရုံဝန်ထမ်းတွေတော့ အေး ဆေးပဲလို့တော့ မထင်မိကြဖို့လိုတယ်။စက်ရုံဝန်ထမ်းတွေခမျာ စက်ရုံပိုင်ရှင်က လခစားအဖြစ်ကနေ နေ့စားအ ဖြစ် ပြောင်းလဲခန့်အပ်မှဖြစ်တော့မယ်လို့ အဆိုပြုလာတော့ ဘယ်ငြင်းနိုင်မလဲ။ဝန်ထမ်းအဖြစ်ကနေ ရပ်စဲလို့ ဆိုပြီး ဒီကာလကြီးထဲ အလုပ်ထုတ်နစ်နာကြေးတွေ တောင်းဦးမယ်ဆိုရင် နစ်နာကြေးမရဖို့က ရာခိုင်နှုန်းများ စွာ၊ပုပ်ပွနေတဲ့စိတ်နေစိတ်ထားပိုင်ရှင် စက်ရုံပိုင်ရှင်ဆိုရင် စစ်တပ်နဲ့ပေါင်းပြီး ထောင်ထဲထည့်နိုင်တာ ထည့် တွက်ရသေး။နောက်ဆုံး ထောင်ထဲမရောက်တောင် ပိုင်ရှင်စကားကိုမနားခံမှုနဲ့ နေ့စားအလုပ်တောင် မပေး တော့ဘူးဆိုရင် အဆိုးရွားဆုံးငတ်သွားနိုင်တာမို့ မျက်လွှာအောက်ချ လက်ခံလိုက်ကြရ။

မင်းအောင်လှိုင်ရဲ့ စီမံခန့်ခွဲနိုင်စွမ်းက ဆင်းရဲသားနဲ့ လူလတ်တန်းစားတင်မက သူဌေးတွေပါ အလုပ် မဖြစ်အကိုင်မဖြစ်မို့ ထိုင်ညီးညူနေရတဲ့အခြေအနေမျိုး။မိတ်ဆွေ အဲကွန်းလုပ်ငန်းရှင်တစ်ဦးဆို NLD အစိုးရ လက်ထက် ဝန်ထမ်းအင်အား၁၀၀ကျော်နဲ့ လည်ပတ်နေခဲ့ရာကနေ ၂၀၂၂ခုနှစ်အစပိုင်းကိုရောက်တော့ ဝန် ထမ်း ၁၀ယောက်ကျော်ကို ပုတ်ပြတ်စနစ်နဲ့ လည်ပတ်နေရတဲ့ ကုမ္ပဏီအဆင့် လျှောကျသွားခဲ့ပြီလို့ ဆိုလေ တယ်။

မင်းအောင်လှိုင်လက်ထက်မှာ နာမည်ကျော် လုပ်ငန်းရှင်တချို့ ထောင်ထဲရောက်သွားတယ်။လုပ်ငန်း ရှင်ကိုထောင်ချရုံတင်မက အဲဒီလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ရသလောက်သိမ်းနိုင်ပါသေးတယ်။စစ် ကိုင်းနဲ့မကွေးတိုင်းမှာ စစ်သားတွေရွာတွေထဲ ဝင်ပြီး ပြည်သူတွေရဲ့နေအိမ်ထဲ ဗြောင်ဝင်လုယက် နေသေး တယ် မဟုတ်လား။အဲဒီလို ပြည်သူတွေရဲ့အိမ် ဗြောင်ဝင်လုယက်တဲ့သတင်းတွေဟာ တိုင်းပြည်နယ်နိမိတ် ကိုကျော် လွန်ကာ နိုင်ငံတကာအထိ ရောက်ရှိခဲ့သေးတာတောင် ဂရုမစိုက်၊လုယက်မပျက်သေးဘူးဆိုတော့ သူဌေးကြီး တွေရဲ့ပိုင်ဆိုင်မှုကို လည်မျိုဓားနဲ့ထောက်ပြီး လုတာမျိုးက ဘယ်သူမှ မသိနိုင်။ဒါ့ ကြောင့် ပိုလုယက်နိုင်ခြေ များတယ်ဆိုတဲ့ အကောက်အယူတွေ ကြားရ။သူဌေးတချို့လည်း ထောင်ထဲမဝင်နိုင်တော့ လစ်တာနဲ့ပြည်ပ ကို ထွက်ပြေးနေကြပုံပါပဲ။

မင်းအောင်လှိုင်ဟာ ၂၀၂၁ခုနှစ်၊နှစ်ကုန်ပိုင်းလောက်အထိ တောင်စဉ်ရေမရစကားတွေပြော၊ချိုချိုသာ သာအပြုံးလေးတွေ ဆင်ယင်လို့ ပြည်သူကိုစည်းရုံးသိမ်းသွင်းလို့ ရမလားဆိုပြီး စိတ်ကူးယဉ်ကြည့်သေးတဲ့ပုံ။ ၂၀၂၁ဒီဇင်ဘာ၁၀ရက်နေ့မှာတစ်ကြိမ် ၊၂၀၂၂ဖေဖေါ်ဝါရီ၁ရက်နေ့မှာတစ်ကြိမ် တစ်တိုင်းပြည်လုံးနီးပါး တိတ် ဆိတ်သွားတဲ့ ငြိမ်သက်ခြင်းသပိတ်နဲ့ ပြည်သူတို့ရဲ့ပြတ်ပြတ်သားသားစိန်ခေါ်သံကိုကြားလိုက်ပြီးနောက်မှာ ပြည်သူကို ဘယ်လိုမှ စည်းရုံးသိမ်းသွင်းလို့မရတော့ဘူးဆိုတာ သဘောပေါက်ခဲ့ပုံရတယ်။အထူးသဖြင့်၂၀၂၂ဖေ ဖေါ်ဝါရီ ၁ရက်နေ့မှာ   ငြိမ် သက်ခြင်းသပိတ် မဖြစ်ပေါ်စေရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်ခဲ့တာ တောင် မြို့ပေါ်များစွာ တိတ်ဆိတ်သွားကာ မင်းအောင်လှိုင်တို့လူရမ်းကားတစ်သိုက် ခြောက်ခြားစေခဲ့တာ အ ကြီးကျယ်ဆုံး ထိုးနှက်ခံရခြင်းပါပဲ။

၂၀၂၂ဖေဖေါ်ဝါရီ၁ရက်နေ့နောက်ပိုင်းမှာ ပြည်သူကို ရန်သူအဖြစ်နဲ့ အစွမ်းကုန်ချေမှုန်းပစ်ခြင်းအပေါ် လီဗာကုန်နင်းတော့တယ်။သူတို့စစ်အုပ်စုကို မကြောက်သူမှန်သမျှ သူတို့စစ်အုပ်စုကို ဆန့်ကျင်သူမှန်သမျှ အ စွမ်းကုန်ချေမှုန်းပြခဲ့တယ်။ရန်ကုန်မြို့ပေါ် ကျူးကျော်မှန်သမျှကို နေစရာမရှိလည်း ကိုယ့်ဘာသာကြိုက်တဲ့နေ ရာသွား၊ပြတ်ပြတ်သားသားရှင်းလင်းခဲ့တယ်။တချို့မြို့တွေမှာဆို အိမ်ကြီးအိမ်ကောင်းတွေနဲ့ အခြေကျပြီးသား ကိုမချန်၊မြေလှန်ရှင်းပစ်ခဲ့တယ်။အဲဒီလိုရှင်းလင်းမှုတွေက အခု PDFနဲ့ဆက်စပ်တယ်လို့ ခေါင်းစဉ်တပ်ပြီး စစ် ကိုင်းနဲ့မကွေးတိုင်းက ရွာတွေကို မီးရှို့နေတာမျိုးနဲ့မဆိုင်ဘဲ ခေါင်းစဉ်မဲ့အလွတ်ကြီး ဒုက္ခပေးမှုပါပဲ။

မကြာသေးမီက လှည်းတန်းဝန်းကျင် ကားလမ်းဘေးဆိုင်တွေကို အကုန်ရှင်းလိုက်တာဟာ ပြည်သူ တွေဒုက္ခရောက်အောင် အငြိုးတကြီးနဲ့ ဒုက္ခပေးတာပါပဲ။နဂိုကတည်းက ပြည်သူတွေ ငွေရှာရမလွယ်လို့ ရောင်းအားတွေကျနေတဲ့ကြားထဲ ဆိုင်တွေကိုပါ မထွက်ရဘူးလုပ်လာတော့ လှည်းတန်းတခွင်က လမ်းဘေး ဆိုင်ရှင်တွေအကုန်လုံး ကိုယ့်မနက်ဖြန်ကိုယ် မတွေးရဲအောင်ဖြစ်ကြရတယ်။လှည်းတန်းလမ်းဘေးက ရောင်း အားကောင်းတဲ့ ငါးကင်ဆိုင်တစ်ဆိုင်ဟာ ငါးတွေဝယ်၊ငါးတွေတင်၊ငါးကင်ဆိုင်ခင်းဖို့ ကားတစ်စီးပိုင်ဆိုင်တဲ့အ ဆင့်ရောင်းအားရှိခဲ့တယ်။တော်ရုံ စားပွဲတစ်လုံးလောက်ခင်းပြီး ဘာလေးညာလေးကောင်းအောင်လုပ်ရောင်း တဲ့ဆိုင်တွေတောင် မိသားစုဝမ်းရေးကို ထိန်းထားနိုင်တဲ့ အဆင့်ရှိကြတယ်။

စစ်အုပ်စုက ငါတို့မှာသေနတ်ရှိတယ်။ငါတို့မှာ အာဏာရှိတယ်။မင်းတို့ပြည်သူတွေရဲ့ဘဝတွေ၊အစာ အိမ်တွေ၊အနာဂတ်တွေကို အကုန်ချေမွပစ်လို့ရတယ်ဆိုတာ လက်တွေ့သက်သေပြကာ အစွမ်းကုန်ချေမှုန်းပြ နေခဲ့တယ်။

အခုဆိုရင် မသေချာ မရောရာမှုတွေ မြင့်မားနေတာကြောင့် မြန်မာ့စီးပွားရေးအလားအလာကို ကမ္ဘာ့ ဘဏ်ကပင် မခန့်မှန်းနိုင်ဘူးလို့ ဆိုခဲ့ပြီဖြစ်တယ်။အမှောင်ထုကြီးဟာ ကြောက်မက်ဖွယ်သိပ်သည်းလာမယ့်သ ဘော။စစ်အုပ်စုဟာလည်း ဘာပဲဖြစ်နေနေ သူတို့အာဏာတည်မြဲရေးအတွက် အစွမ်းကုန်ရက်စက်ဦးမယ့်သ ဘော။ဘယ်သူသေသေ ငတေမာရင်ပြီးရော၊ပြည်သူတွေဘာဖြစ်ဖြစ် ပြည်သူတွေကြိုက်သလောက်သေ၊သူတို့ အာဏာတည်မြဲရေးကလွဲ ဘာကိုမှ ဂရုမစိုက်ဘူးဆိုတော့  မြန်မာပြည်သူတွေအတွက် ရွေးချယ်စရာက ဒီအမှောင်ထုကြီးမှာတောင့်ခံနိုင်ရေးနဲ့  ရုန်းထွက်နိုင်ရေး၊နှစ်ပေါင်းရှည် ကြာတိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ အာဏာရှင်စနစ် ကို တစ်စမကျန် ချေမွဖျက်ဆီးခြင်းကလွဲ တခြားရွေးချယ်စရာ ထွက်ရပ် လမ်း မရှိတော့ ပါကြောင်း မောင်းခတ် လိုက်ရပါတယ်။

ထွန်းလင်း