ပူတင်က တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ၆၉နှစ်မြောက် မွေးနေ့အတွက် ဂုဏ်ပြုဖုန်းခေါ်ဆို

Photo – Google

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ သူ့ရဲ့၆၉ နှစ်မြောက်မွေးနေ့ကို ဗလာဒီမာပူတင်နဲ့ အပြန်အလှန် ဖုန်းခေါ်ဆိုပြီး ဂုဏ်ပြုကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

ဖုန်းခေါ်ဆိုမှုမှာ မတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို နှစ်ဘက်စလုံးက တင်ပြခဲ့ကြပြီး  မော်စကိုရဲ့ ယူကရိန်းကျူးကျော်မှုအပေါ်  တရုတ်ကထောက်ခံတယ်လို့ ရုရှားက အရိပ်အမြွက် ပြောလာပါတယ်။ အလားတူ ရှင်ကျန်း၊ ဟောင်ကောင်၊ ထိုင်ဝမ်အရေးနဲ့ပတ်သက်တဲ့  ကိစ္စရပ်တွေအပေါ် ရုရှားရဲ့ထောက်ခံမှုကို တရုတ်အစိုးရမီဒီယာက အလေးပေးဖော်ပြထားတယ်လို့ ဆိုပါတယ်။

တရုတ်အနေနဲ့ ရုရှားကို ဆက်ပြီး ထောက်ခံသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖင်ကလည်း အခိုင်အမာ ပြောထားပါတယ်။

တရုတ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သတ်ပြီး ဒါဟာ သမိုင်းရဲ့မှားယွင်းတဲ့ဘက်မှာ အဆုံးသတ်နိုင်တယ်လို့ အမေရိကန်က သတိပေးထားပါတယ်။ 

ယူကရိန်းကိုကျုးကျော်တိုက်ခိုက်တဲ့ ရုရှားတဲ့လုပ်ရပ်တွေကို ပြစ်တင်ဖို့ တရုတ်က ငြင်းဆိုခဲ့သလို ရုရှားအပေါ် အရေးယူကန့်သတ်တာနဲ့ ယူကရိန်းကို လက်နက်ထောက်ပံ့တဲ့ အနောက်အင်အားစုတွေကိုလည်း ဘေကျင်းက ဝေဖန်ခဲ့ပါတယ်။ 

အချုပ်အခြာအာဏာအရေးကဲ့သို့ အဓိကအခန်းကဏ္ဍတွေနဲ့ ပတ်သတ်ပြီး တရုတ်ဟာ ရုရှားကို အပြန်အလှန် ထောက်ခံအားပေးသွားဖို့ ဆန္ဒရှိတယ်လို့ သမ္မတပူတင်နဲ့ ဖုန်းပြောရာမှာ ရှီကျင့်ဖင်က ပြောခဲ့တယ်လို့  နိုင်ငံပိုင်ရုပ်သံမီဒီယာ CCTV က ဖော်ပြပါတယ်။