မွန်ပြည်နယ် ၊ ရေးမြို့က ဇော်လတ်လက်ဖက်ရည်ဆိုင်မှာ ဒီနေ့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ အမျိုးသား ၂ယောက် သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ မနက် ၈နာရီလောက်မှာ ကိုကြည်ဟိန်းနဲ့ကိုအရှည်ကြီးတို့ ၂ယောက် လက်ဖက်ရည်ဆိုင်ထိုင်နေချိန် အမည်မသိ ဆိုင်ကယ်နဲ့လူငယ် ၂ယောက်က သေနတ်နဲ့ပစ်ခတ်သွားတာဖြစ်ပါတယ်။
“လာပစ်တာက လူငယ် ၂ ဦးဆိုင်ကယ်နဲ့လာပစ်တာ။ လာပစ်တာက အရှည်ကြီးဆိုသူကို လာပစ်တာ။ ဘေးမှာထိုင်နေတဲ့သူကိုပါ ကျည်ထိမှန်သေဆုံးခဲ့တာဖြစ်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုကိုတော့ ရေးဘီးလူးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒလန်အရှည်ကြီးဆိုသူကို ဦးတည် ပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဇွန်လ ၁၆ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကဗျာဝကျေးရွာက ဒလန်မွန်လေးဆိုသူကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။