Burma Act 2021 ဥပဒေကိုအတည်ပြုပေးဖို့ ကန်အမတ်တချို့နဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ Burma Act 2021 ဥပဒေကိုအတည်ပြုပေးဖို့ မယ်ရီလန်းပြည်နယ်အခြေစိုက် ချင်းတိုင်းရင်းသားများအဖွဲ့ဟာ အမေရိကန်အထက်လွှတ်တော်အမတ်တချို့နဲ့ သွားရောက်တွေ့ဆုံတိုက် တွန်း ခဲ့ကြောင်းသိရပါတယ်။
နိတ်တာ Chuck Grassley နဲ့ ဆီနိတ်တာ Josh Hawley တို့ အပါအဝင် လွှတ်တော်တာဝန်ရှိသူတချို့နဲ့ဇွန် ၁၆ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း ဦးဆောင်ပါဝင်သူဦးဇိုသုန်းမှုန်က ပြောတယ်လို့ VOA ကဖော်ပြပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တွေမှာ ရွာတွေကို မီးရှို့နေတာနဲ့ အရပ်သားတွေ အသတ်ခံနေရတာကို ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ Burma Act 2021 ဥပဒေကို အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ် Pornpimol “Pauline” Kanchanalak ရဲ့ စင်္ကာပူရှန်ဂရီလာ ဆွေးနွေးပွဲမှာ မြန်မာ့အရေး ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး မယ်ရီလန်းနဲ့ ဝါရှင်တန်ဒီစီတဝိုက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဝါရှင်တန်ဒီစီ ထိုင်းသံရုံးရှေ့မှာ မနေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။