မြန်မာ့အရေး နည်းလမ်းသစ်တွေ ဖော်ဆောင်ဖြေရှင်းဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာ့အရေး နည်းလမ်းသစ်တွေ ဖော်ဆောင်ဖြေရှင်းဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်း လိုက်ပါတယ်။
ဇွန်၁၆ရက်နေ့၊အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ- အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အထူးဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က တိုက်တွန်းခဲ့တာပါ။
ဒါ့အပြင် အမျိူးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)တို့နဲ့ ထိတွေ့ဆက်ဆံဖို့ ထပ်လောင်းပြောကြားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဇွန်၁၁ရက်နေ့ စင်ကာပူရှန်ဂရီလာဆွေးနွေးပွဲအတွင်းမြန်မာ့အရေး ဖြေရှင်းရာမှာ အချိန် သတ်မှတ်ချက်နဲ့ ပါဝင်ပတ်သက်သူ စာရင်းကို အာဆီယံအနေနဲ့ ချမှတ်ဖို့ ပြောကြားခဲ့သလိုအဲဒီ ပါဝင်ပတ်သက်သူ စာရင်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ အမျိုး သားညီညွတ်ရေးအစိုးရ အစိုးရနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့ ပါဝင်ရပါမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးခဲ့ပါတယ်။