ထိုင်ဝမ်ကျွန်းစုနဲ့တရုတ်နိုင်ငံကို ပိုင်းခြားထားတဲ့ရေလက်ကြားဟာ နိုင်ငံတကာရေလမ်းကြောင်း ဖြစ်တယ်ဆိုတဲ့ ထိုင်ဝမ်ရဲ့ ပြောဆိုချက်ကို အမေရိကန်က ထောက်ခံကြောင်း ဇွန်လ ၁၄ရက်က ပြောပါတယ်။
ဒါဟာ အမေရိကန်အနေနဲ့ ဗျူဟာမြောက် အချုပ်အခြာအာဏာကို ကျင့်သုံးဖို့ ဘေဂျင်းရဲ့တောင်းဆိုမှုကို နောက်ထပ် ငြင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ကွန်မြူနစ်တွေနဲ့ ပြည်တွင်းစစ်ရှုံးပြီးနောက် ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရဟာ ထိုင်ဝမ်ကို တိမ်းရှောင်လာကတည်းက ထိုင်ဝမ်ရေလက်ကြားဟာ မကြာခဏဆိုသလို စစ်ရေးတင်းမာမှုတွေရဲ့ အရင်းအမြစ် တစ်ခုဖြစ်လာတာပါ။
မကြာသေးမီနှစ်တွေအတွင်း အမေရိကန် စစ်သင်္ဘောတွေ၊ ဗြိတိန်နဲ့ကနေဒါတို့လို့ မဟာမိတ်နိုင်ငံတွေက ရေလက်ကြားကိုဖြတ်ပြီး ရွက်လွှင့်ခဲ့လို့ တရုတ်အစိုးရက ဒေါသထွက်ခဲ့ပါတယ်။
“တချို့နိုင်ငံတွေက ထိုင်ဝမ်ရေလက်ကြားကို နိုင်ငံတကာရေပိုင်နက်လို့ခေါ်တဲ့အခါ ဒါဟာ မှားယွင်းတဲ့ခေါ်ဆိုမှုဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားမှာ အချုပ်အခြာအာဏာနဲ့တရားစီရင်ပိုင်ခွင့်ရှိတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၃ရက်နေ့မှာ ပြောပါတယ်။
“ထိုင်ဝမ်ရေလက်ကြားဟာ အပြည်ပြည်ဆိုင်ရာ ရေလမ်းတစ်ခုဖြစ်ပါတယ်၊ ဆိုလိုတာက ထိုင်ဝမ်ရေလက်ကြားဟာ ပင်လယ်ပြင်မှာ လွတ်လွတ်လပ်လပ်ရှိတဲ့နယ်မြေဖြစ်ပြီး လွတ်လပ်စွာသွားလာခွင့်နဲ့ ပျံသန်းခွင့်တို့အပါအဝင် နိုင်ငံတကာဥပဒေအရ အာမခံချက်ရှိတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ဇွန်လ ၁၄ရက်နေ့မှာ ပြောခဲ့ပါတယ်။
“ထိုင်ဝမ်ရေလက်ကြားဟာ တရုတ်နိုင်ငံရဲ့ ကုန်းတွင်းပင်လယ်မဟုတ်သလို ထိုင်ဝမ်ကို ဝါးမျိုဖို့ တရုတ်ရဲ့ရည်မှန်းချက်ဟာလည်းဘယ်တော့မှ ရပ်တန့်မှာမဟုတ်ဘူး” လို့ ထိုင်ဝမ်ဝန်ကြီးချုပ် Su Tseng-chang က ဆိုထားပါတယ်။