မန္တလေးမြို့ တိုက်ပွဲပြန် ဒဏ်ရာရစစ်အုပ်စုအဖွဲ့ဝင်တွေတင်ဆောင်လာတဲ့ စစ်ကားတစ်စီးကို ပဒေသာမိုင်း နဲ့တိုက်ခိုက်ခဲ့ကြောင်း Generation Z Power မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် လိုက်တာပါ။
မနေ့ကဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီခန်မှာ မဟာအောင်မြေမြို့ နယ်၊ ၃၅ လမ်း၊ လမ်း ၉၀ နဲ့ ၉၁ လမ်းကြား ရေကြောင်းရုံးအနီးတိုက်ပွဲအတွင်း ဒဏ် ရာရစစ်သားတွေ ဆေးကုသဖို့တင်ဆောင်လာတဲ့ စစ်ကားအကြီးတစ်စီးကို ပဒေသာမိုင်းတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
အဆိုပါလှုပ်ရှားမှုကြောင့် စစ်အုပ်စုတပ်ဖွဲ ဝင်များစွာထိခိုက်နိုင်ပြီး စစ်ကားအကြီးတစ်စီးလုံးပျက်ဆီးခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။