
ဒီနေ့ ကလေးမြို့ သပိတ်


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ဌာနဆိုင်ရာရုံးတွေမှာ စစ်ကောင်စီထောက်တိုင်အဖြစ်ရပ်တည် နေတဲ့ Non-CDM ဝန်ထမ်းကိုထိထိရောက်ရောက်အရေးယူမယ်လို့ အဲ့ဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ Non CDM ဝန်ထမ်းတွေဟာ ပြည်သူ့လစာကို ခံစားနေပေမယ့် ပြည်သူကိုမျက်နှာမမူဘဲ ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]
စစ်ကိုင်းတိုင်း မုံရွာမှာ “လုံး၀ အုပ်ချုပ်ခွင့်မရစေရ” ဘန်နာကို ဒီနေ့ဇွန်လ ၁ရက်နေ့မှာ ချိတ်ဆွဲပြီးလှုပ်ရှားမှူပြုလုပ်ခဲ့ပါတယ်။ မုံရွာမြို့ ကျောင်းသားလူငယ်တွေက ဦးဆောင်ပြီးအဆိုပါ ဘန်နာကို မုံရွာမြို့ ယာဉ်ထိန်းရဲကင်းတစ်ခုမှာ ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇၈နှစ်အရွယ် အဖွားအိုတစ်ဦးအပါအဝင် ပြည်သူ၄ဦး ထိခိုက်ခဲ့ရတယ်လို့သိရပါတယ်။ အင်းတော်မြို့နယ်မှာဒီကနေ့ မနက်ပိုင်း၁၁နာရီအချိန့်ခန့်က မြို့တောင်ဘက် ရိက္ခာကုန်းတပ်ရှိ စစ်ကောင်စီအဖွဲ့များမှ လက်နက်ကြီးနဲ့ကျော်ရွာ ၊မိုယူရွာတွေကိုပစ်ခတ်ခဲ့တဲ့အတွက်အခုလိုထိခိုက်ဒါဏ်ရာရခဲ့တာလို့ဆိုပါတယ်။ “မိုယူရွာကအမကတော့အတော်စိုးရိမ်နေရတယ်။ဆေးရုံကိုပို့ထားတယ်။သူတို့ကတင့်ကားလက်နက်ကြီးစမ်းပစ်တာလို့ပြောတယ်။အဲ့ရွာတွေကမြို့နဲ့နီးတယ် တပ်ရင်းနာမည်တော့မသိရဘူးဗျ ။သက်သက်ကြီးပစ်တာတိုက်ပွဲဖြစ်တာလဲမရှိဘူးအဲ့ရွာတွေမှာက”လို့အင်းတော်ဒေသခံတဦးက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
© 2025 Delta News Agency. All Rights Reserved.